Zoom အကူအညီ

သင်တန်းများ၊ ဓမ္မစာဖတ်ဝိုင်းများနှင့် အွန်လိုင်းတရားစခန်းများကို Zoom ဖြင့် ကျင်းပပါသည်။ ဤစာမျက်နှာတွင် Zoom ထည့်သွင်းပုံ၊ အစည်းအဝေးသို့ ဝင်ရောက်ပုံနှင့် အသုံးပြုရမည့် ခလုတ်များအကြောင်းကို လမ်းညွှန်ဖော်ပြထားပါသည်။

၁။ Zoom ထည့်သွင်းရန်

အခမဲ့ အသုံးပြုနိုင်ပါသည်။ သင်တန်းတက်ရောက်ရန် Zoom အကောင့် (Account) ဖွင့်ထားရန် မလိုအပ်ပါ။

၂။ မဝင်မီ အမည်မှန်ထည့်ရန်

  • သင်တန်းအများစုတွင် အစည်းအဝေးထဲ ဝင်ရောက်ပြီးပါက အမည်ပြန်ပြောင်းခွင့် မပေးပါ။ အများပြည်သူ ဝင်ရောက်နိုင်သည့် အစည်းအဝေးဖြစ်သောကြောင့် လုံခြုံရေးအရ ကန့်သတ်ထားခြင်း ဖြစ်ပါသည်။
  • Zoom ဝင်ရောက်မည့် မျက်နှာပြင်ရှိ အမည်ကွက် (Name) တွင် မိမိ၏ အမည်မှန်ကို ရိုက်ထည့်ပါ။
  • တရားစခန်း ဝင်ရောက်သူဖြစ်ပါက မိမိအမည်၏ ရှေ့တွင် ယောဂီနံပါတ်ကို ထည့်သွင်းရိုက်နှိပ်ပါ။ (ဥပမာ - ၁၀၅ မောင်မောင်)
  • အမည်မှား၍ ဝင်မိပါက အစည်းအဝေးမှ ပြန်ထွက်ပြီး အမည်မှန်ဖြင့် ပြန်လည်ဝင်ရောက်ပါ။

၃။ သင်တန်းသို့ ဝင်ရောက်ရန်

  1. သင်တန်းချိန်ရောက်လျှင် သင်တန်းအချက်အလက်နေရာရှိ "Zoom တွင် ဝင်ရန်" ခလုတ်ကို နှိပ်ပါ။
  2. သို့မဟုတ် Zoom အက်ပ်ကို ဖွင့်၍ Join ကို နှိပ်ပြီး အစည်းအဝေးနံပါတ် (Meeting ID) ကို ရိုက်ထည့်ပါ။
  3. အမည်မှန် မမှန် ပြန်လည်စစ်ဆေးပါ။ (ဝင်ပြီးနောက် များသောအားဖြင့် အမည်ပြောင်းခွင့် မရှိပါ။)
  4. စကားဝှက် (Passcode) တောင်းပါက metta ဟု ရိုက်ထည့်ပါ။
  5. Host မှ ဝင်ခွင့်ပြုသည်အထိ ခေတ္တစောင့်ဆိုင်းပြီး အသံကြားရရန် Join Audio / Wi-Fi or Cellular Data ကို ရွေးချယ်ပါ။

၄။ မိုက်ခရိုဖုန်းနှင့် ကင်မရာ အသုံးပြုရန်

  • ဆရာတော် ဟောကြားသင်ပြနေစဉ် အသံအနှောင့်အယှက် မဖြစ်စေရန် မိုက် (Mute) ကို ပိတ်ထားပါ။
  • စကားပြောလိုသည့်အခါ Unmute ကို နှိပ်၍ ပြောပါ။ ပြောပြီးပါက Mute ကို ပြန်နှိပ်၍ ပိတ်ပါ။
  • Start Video / Stop Video ခလုတ်ဖြင့် ကင်မရာကို အဖွင့်အပိတ် ပြုလုပ်နိုင်ပါသည်။
  • ဖုန်းဖြင့် တက်ရောက်သူများ ခလုတ်များ ပျောက်နေပါက ဖုန်းမျက်နှာပြင်ကို တစ်ချက်တို့လိုက်ပါ။

၅။ လက်ထောင်ရန် (Raise Hand)

  • ဖုန်း / တက်ဘလက်: မျက်နှာပြင်ကို တို့ပြီး More မှတစ်ဆင့် Raise Hand ကို နှိပ်ပါ။
  • ကွန်ပျူတာ: အောက်ခြေရှိ Reactions ကို နှိပ်ပြီး Raise Hand ကို ရွေးချယ်ပါ။
  • မေးမြန်းဆွေးနွေးပြီးပါက ထိုခလုတ်အတိုင်း ပြန်နှိပ်၍ လက်ပြန်ချပါ (Lower Hand)။

၆။ Breakout room (သီးသန့်အခန်းငယ်)

အွန်လိုင်းတရားစခန်းများတွင် ဆရာတော်ထံ တရားစစ်ဆေးရန် သို့မဟုတ် သီးသန့်မေးခွန်းများ မေးမြန်းနိုင်ရန် အစည်းအဝေးထိန်းသိမ်းသူ (Host) က Breakout room သို့ ဖိတ်ခေါ်နိုင်ပါသည်။

  • ဖိတ်ခေါ်စာ ပေါ်လာပါက Join ကို နှိပ်၍ ဝင်ရောက်ပါ။
  • ပင်မအစည်းအဝေးခန်းမသို့ ပြန်လိုပါက Leave Room ကို နှိပ်ပါ။ (မှတ်ချက် - Leave Meeting ကို မနှိပ်မိစေရန် သတိပြုပါ။)

ပုံများ၊ ဗီဒီယိုများဖြင့် အသေးစိတ် ရှင်းပြထားသော လမ်းညွှန်များကို winmetta.org တွင် ထပ်မံကြည့်ရှုနိုင်ပါသည်။

သင်တန်းများ

အမှားပြင်ရန်

အကြံပြုချက် ပေးပို့ရန်

ပြင်ဆင်ရန်လိုအပ်သည့်အချက်ကို ပြောပြပေးပါ။ ကိုယ်ရေးအချက်အလက်များ မထည့်ပါနှင့်။ ပြန်စာလိုချင်မှသာ အီးမေးလ်လိပ်စာ ထည့်ပေးပါ။

အကြောင်းအရာ:

အီးမေးလ်ဖြင့် ပေးပို့ရန်