1975 -မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကိုင်းဝန်းကျေးရွာတွင် ဖွားမြင်ခဲ့သည်။ 1988 -စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ကိုင်းဝန်းကျေးရွာ ဆရာတော်ဦးဥတ္တရထံတွင် ရှင်သာမဏေပြုသည်။ 1995 -၁၉၉၅ ခုနှစ်၊မတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊နန္ဒဝန်လမ်းရှိ၊ မဟာဝိသုဒ္ဓါရုံ(ပါဠိတက္ကသိုလ်)ရွှေကျင်ကျောင်းတိုက်၊ခဏ္ဍသိမ်တော်မြတ်၌၊ဆရာတော်ဘဒ္ဒန္တကောဏ္ဍညကို ဥပဇ္ဈာယ်ပြု၍၊ တိပိဋကဓရ(ယော)ဆရာတော်စသော သံဃာတော်များ၏၊ချီးမြှောက်မှုဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ 1988-1993– စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ရတနာဇေယျုံစာသင်တိုက်၌၊အခြေခံဗုဒ္ဓဘာသာစာပေများကိုလေ့လာခဲ့သည်။ 1994-1998-မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊နန္ဒဝန်လမ်းရှိ၊မဟာဝိသုဒ္ဓါရုံ(ပါဠိတက္ကသိုလ်)ရွှေကျင်ကျောင်းတိုက်၌၊အဆင့်မြင့်ဗုဒ္ဓဘာသာစာပေများကို လေ့လာခဲ့သည်။ 1998 -အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။ 1999- မြန်မာနိုင်ငံ၊ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊နန္ဒဝန်လမ်းရှိ၊ မဟာဝိသုဒ္ဓါရုံ(ပါဠိတက္ကသိုလ်)ရွှေကျင်ကျောင်းတိုက်၌၊စာပေများ ပို့ချပေးခဲ့သည်။ 2000-2004-မန္တလေးမြို့၊စိန်ပန်းရပ်၊မစိုးရိမ်တိုက်သစ်၌၊အဘိဝံသစာမေးပွဲများအတွက်၊အဆင့်မြင့်ဗုဒ္ဓဘာသာစာပေများကိုဆက်လက် လေ့လာ၍၊ စာပေများသင်ကြားပို့ချပေးခဲ့သည်။ 2003-စေတိယင်္ဂဏအဘိဝံသဘွဲ့ကို၊ရန်ကုန်မြို့၌ ရရှိခဲ့သည်။ 2004-2005-မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ဖားအောက်တောရရိပ်သာ(ပင်မ) ၌ ဖားအောက်တောရဆရာတော်ကြီးထံတွင် တရားအားထုတ်ခဲ့သည်။ 2005-2010-မန္တလေးမြို့၊စိန်ပန်းရပ်၊မစိုးရိမ်တိုက်သစ်၌၊အဘိဝံသစာမေးပွဲများ ဆက်ဖြေရင်း စာပေများပို့ချပေးခဲ့သည်။ မန္တလေးမြို့၊ပရိယတ္တိသာသနဟိတ(သကျသီဟ)ဓမ္မာစရိယစာမေးပွဲ၌ (၂) ကျမ်းအောင်မြင်ခဲ့သည်။ အခါအားလျော်စွာ တောရကျောင်းများစွာသို့ သွား၍ စာကြည့်, တရားအားထုတ်ခဲ့သည်။ 2010-2011-မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ဖားအောက်တောရရိပ်သာ(ပင်မ) ၌ ဆက်လက်တရားအားထုတ်ခဲ့သည်။ 2012-အင်ဒိုနီးရှားနိုင်ငံ၊ဘာတန်ကျွန်း၊ဖားအောက်တောရရိပ်သာ၌၊ဝါဆို၍ တရားဆက်လက်အားထုတ်ခဲ့သည်။ 2013-2014-မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ဖားအောက်တောရရိပ်သာ၌ ဖားအောက်တောရဆရာတော်၏(၄)လတရားစခန်းဝယ် တရားအားထုတ်ခဲ့ပြီး၊ ထိုင်ဝမ်နိုင်ငံ၌ စာပေလေ့လာ,တရားဟော, တရားပြ, တရားအားထုတ်ရင်း(၂) ဝါ သီတင်းသုံးခဲ့သည်။ 2013- 2020 အင်ဒိုနီးရှား၊စင်ကာပူ၊မလေးရှား၊ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊သီရိလင်္ကာ၊လာအို၊တောင်ကိုရီးယား၊အိန္ဒိယ၊တရုတ်၊ထိုင်ဝမ်၊အမေရိကန်၊၊ကနေဒါ စသောနိုင်ငံများသို့ အခါအားလျော်စွာ သွားရောက်၍၊ ရက်တိုတရားစခန်းများပြုလုပ်ပေးခြင်၊ တရားဟော, တရားပြပေးခြင်းများ ပြုလုပ်လျက် သာသနာပြုခဲ့ပါသည်။ 2015-2021-မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ဖားအောက်တောရရိပ်သာ၌ ဖားအောက်တောရဆရာတော်ကြီးနှင့်အတူ တရားဟော, တရားပြ, တရားအားထုတ်၍၊ သာသနာ့အလုပ်ကို ပြုလုပ်ရင်း သီတင်းသုံးနေထိုင်လျက်ရှိပါသည်။
ဆရာတော် ကုမာရာဘိဝံသ သင်ကြားပို့ ချသည့် Zoom Online ထာဝရငြိမ်းချမ်းရေးသို့ သင်တန်း။