Meaning and Types of Wholesome Actions (Kusala)

Read in

Choose one or more languages. One language always stays selected.

Posted October 11, 2026

ကုသိုလ်တရား၏ အဓိပ္ပာယ်နှင့် အမျိုးအစားများ

ကုသလ (Kusala) ဆိုသည်မှာ ပါဠိဘာသာစကားမှ ဆင်းသက်လာသော စကားလုံးဖြစ်ပြီး “ကောင်းမြတ်သော”၊ “အပြစ်မရှိသော”၊ “ကောင်းသောအကျိုးကို ပေးတတ်သော” ဟု အဓိပ္ပာယ်ရပါသည်။

ဗုဒ္ဓဘာသာ တရားတော်များတွင် ကုသိုလ်/ကုသလ ကို အောက်ပါအတိုင်း အဓိက အပိုင်းသုံးပိုင်းဖြင့် ခွဲခြားမှတ်သားနိုင်ပါသည် -

၁။ ကုသိုလ်တရား၏ လက္ခဏာများ

  • အနဝဇ္ဇလက္ခဏာ: အပြစ်မရှိသော သဘာဝ ရှိခြင်း။
  • သုခဝိပါကလက္ခဏာ: ချမ်းသာသော အကျိုးကို ပေးတတ်သော သဘာဝ ရှိခြင်း။

၂။ ကမ္မပထ (၁၀) ပါး (ကုသိုလ်ပြုနည်း ၁၀ မျိုး)

ကာယကံ (ကိုယ်ဖြင့်ပြုလုပ်သော ကုသိုလ် - ၃ ပါး)

  1. ပါဏာတိပါတာ ဝေရမဏိ: သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
  2. အဒိန္နာဒါနာ ဝေရမဏိ: သူ့ဥစ္စာ ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။
  3. ကာမေသုမိစ္ဆာစာရာ ဝေရမဏိ: ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။

ဝစီကံ (နှုတ်ဖြင့်ပြောဆိုသော ကုသိုလ် - ၄ ပါး) 4. မုသာဝါဒါ ဝေရမဏိ: မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ 5. ပိသုဏဝါစာ ဝေရမဏိ: ကုန်းတိုက်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ 6. ဖရုသဝါစာ ဝေရမဏိ: ကြမ်းတမ်းသောစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ 7. သမ္ဖပ္ပလာပ ဝေရမဏိ: အကျိုးမရှိ ပြိဿတ္တစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။

မနောကံ (စိတ်ဖြင့်ကြံစည်သော ကုသိုလ် - ၃ ပါး) 8. အနဘိဇ္ဈာ: သူ့ဥစ္စာကို လိုချင်တပ်မက်မှု မရှိခြင်း။ 9. အဗျာပါဒ: သူတပါးအပေါ် ရှိုးတုန်းဖျက်ဆီးလိုစိတ် (ဒေါသ) မရှိခြင်း၊ မေတ္တာထားခြင်း။ 10. သမ္မာဒိဋ္ဌိ: မှန်ကန်သော အယူဝါဒရှိခြင်း (ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း)။

၃။ ပုညကြိယာဝတ္ထု (၁၀) ပါး (ကုသိုလ်ရကြောင်း တရား ၁၀ ပါး)

  • ဒါန: ပေးလှူဒါန်းခြင်း။
  • သီလ: ငါးပါး/ရှစ်ပါး သီလ စောင့်ထိန်းခြင်း။
  • ဘာဝနာ: သမထနှင့် ဝိပဿနာ ကမ္မဋ္ဌာန်း ပွားများခြင်း။
  • အပစာယန: ရိုသေထိုက်သူများကို ရိုသေလေးစားခြင်း။
  • ဝေယျာဝစ္စ: ကောင်းမှုကိစ္စတို့၌ ကူညီဆောင်ရွက်ပေးခြင်း။
  • ပတ္တိဒါန: မိမိပြုသော ကုသိုလ်အမျှဝေခြင်း။
  • ပတ္တာနုမောဒနာ: သူတပါးပြုသော ကုသိုလ်ကို သာဓုခေါ်ခြင်း။
  • ဓမ္မဿဝန: တရားတော်များကို နာယူခြင်း။
  • ဓမ္မဒေသနာ: တရားဓမ္မများ ဟောပြောပြသခြင်း။
  • ဒိဋ္ဌိဇုကမ္မ: အယူဝါဒကို ဖြောင့်မတ်စွာ ထားရှိခြင်း။

သတ္တဝါတို့၏ စိတ်ဓာတ်နှင့် ပြုလုပ်မှုအပေါ် မူတည်၍ ကုသိုလ်စိတ်သည် ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုနှင့် ကောင်းမွန်သော သံသရာအကျိုးပေးများကို ဆောင်ကြဉ်းပေးပါသည်။

Something wrong?

Meaning and Types of Wholesome Actions (Kusala)

Kusala is a word derived from the Pali language, meaning “good,” “blameless,” or “that which produces good outcomes/wholesome results.”

In Buddhist teachings, Kusala (wholesome/meritorious action) can be understood through three main aspects:

1. Characteristics of Kusala

  • Anavajja-lakkhana: The characteristic of being faultless or blameless.
  • Sukhavipāka-lakkhana: The characteristic of yielding peaceful and happy results.

2. The 10 Courses of Wholesome Action (Kamma-patha)

Physical Actions (Kāyakamma - 3)

  1. Pāṇātipātā Veramaṇī: Abstaining from taking life.
  2. Adinnādānā Veramaṇī: Abstaining from taking what is not given (stealing).
  3. Kāmesumicchācārā Veramaṇī: Abstaining from sexual misconduct.

Verbal Actions (Vacīkamma - 4) 4. Musāvādā Veramaṇī: Abstaining from false speech (lying). 5. Pisuṇavācā Veramaṇī: Abstaining from malicious/slanderous speech. 6. Pharusavācā Veramaṇī: Abstaining from harsh or abusive speech. 7. Samphappalāpa Veramaṇī: Abstaining from foolish chatter or gossip.

Mental Actions (Manokamma - 3) 8. Anabhijjhā: Non-covetousness (freedom from greed for others’ possessions). 9. Abyāpāda: Non-ill will (goodwill, absence of anger or malice). 10. Sammādiṭṭhi: Right view (belief in the law of cause and effect / Kamma).

3. The 10 Bases of Meritorious Action (Puññakiriyavatthu)

  • Dāna: Generosity / Giving.
  • Sīla: Morality / Observing precepts (such as the 5 or 8 precepts).
  • Bhāvanā: Meditation (practicing Samatha and Vipassanā).
  • Apacāyana: Showing reverence and respect to those worthy of it.
  • Veyyāvacca: Offering helpful service in wholesome activities.
  • Pattidāna: Sharing one’s merits with others.
  • Pattānumodanā: Rejoicing in the good deeds/merits of others.
  • Dhammassavana: Listening to the Dhamma (teachings).
  • Dhammadesanā: Teaching or sharing the Dhamma.
  • Diṭṭhijukamma: Rectifying one’s views (aligning them with truth).

Depending on a person’s mindset and actions, wholesome mental states bring inner peace, happiness, and favorable outcomes throughout the cycle of rebirth (Samsara).

Something wrong?

善法的含义与分类

“善” / “善业”(巴利语:Kusala,音译为“俱萨罗”),源自巴利语,意为“善妙的”、“无过失的”、“能招感善果的”。

在佛教教义中,“善”(Kusala)主要可以通过以下三个方面来理解:

1. 善的特征(相)

  • 无罪相(Anavajja-lakkhana): 本质上没有过失、无罪恶。
  • 乐果相(Sukhavipāka-lakkhana): 能够带来安乐与果报的本质。

2. 十善业道(Kamma-patha)

身业(身体的善行 - 3项)

  1. 不杀生(Pāṇātipātā Veramaṇī): 远离杀害生命。
  2. 不偷盗(Adinnādānā Veramaṇī): 远离不与而取(不盗取他人财物)。
  3. 不邪淫(Kāmesumicchācārā Veramaṇī): 远离不正当的性行为。

口业(语言的善行 - 4项) 4. 不妄语(Musāvādā Veramaṇī): 远离虚妄不实的言语(不撒谎)。 5. 不两舌(Pisuṇavācā Veramaṇī): 远离挑拨离间的言语。 6. 不恶口(Pharusavācā Veramaṇī): 远离粗暴恶劣的言语。 7. 不绮语(Samphappalāpa Veramaṇī): 远离无意义的戏论与杂秽语。

意业(思想的善行 - 3项) 8. 不贪欲(Anabhijjhā): 不贪恋他人的财物。 9. 不嗔恚(Abyāpāda): 远离伤害他人的嗔恨心,怀有慈悲心。 10. 正见(Sammādiṭṭhi): 具备正确的知见(相信因果与业报)。

3. 十福业事(Puññakiriyavatthu - 积累功德的10种方法)

  • 布施(Dāna): 乐善好施、供养布施。
  • 持戒(Sīla): 守持戒律(如五戒、八戒)。
  • 禅修(Bhāvanā): 培育止观(止禅与观禅)。
  • 恭敬(Apacāyana): 礼敬并尊崇值得尊敬的人。
  • 服务(Veyyāvacca): 在善法事务中热心助人。
  • 回向功德(Pattidāna): 将自己所作的功德分享给他人。
  • 随喜功德(Pattānumodanā): 为他人所作的善事感到高兴与赞叹。
  • 听闻正法(Dhammassavana): 聆听佛法。
  • 弘扬正法(Dhammadesanā): 宣说与分享佛法。
  • 端正己见(Diṭṭhijukamma): 矫正自己的知见,使其符合真理。

取决于人的心态与行为,善的心态能够带来内心平静、安乐,并在轮回中带来善妙的果报。

Something wrong?

Sādhu

Did this teaching help you? Tap the icon to say Sādhu.

Send feedback

Tell us what needs correcting. Please leave out personal details. An email address is optional and is used only to reply.

About:

Send by email instead