Guidance on Overcoming Greed

Read in

Choose one or more languages. One language always stays selected.

Posted October 11, 2026

လောဘပယ်ဖျောက်ပုံ လမ်းညွှန်ချက်

မ၊ဋ္ဌ၊၁၊၃၉၂ (မဇ္ဈိမနိကာယ် အဋ္ဌကထာ၊ ပထမတွဲ၊ စာမျက်နှာ ၃၉၂) နှင့် မ၊ဋီ၊၂၊၇၄ (မဇ္ဈိမနိကာယ် ဋီကာ၊ ဒုတိယတွဲ၊ စာမျက်နှာ ၇၄) တို့တွင် ပါရှိသော လောဘကို ပယ်ဖျောက်ပုံ (လောဘဝိနောဒနနည်း) ဆိုင်ရာ တေဇသုတ္တန်/သလ္လေခသုတ္တန် လမ်းညွှန်ချက် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မာတိကာ ဖြစ်ပါသည်။

၁။ အသုဘဘာဝနာ ပွားများခြင်း (အသုဘသညာ)

  • ပယ်ဖျောက်ပုံ: တဏှာ/လောဘသည် လှပတင့်တယ်သည်ဟု အယူမှားသော “သုဘသညာ” ကြောင့် အဓိက ဖြစ်ပွားသည်။

  • နည်းလမ်း: ခန္ဓာကိုယ်၏ မစင်ကြယ်သော သဘော (၃၂ ကောဋ္ဌာသ - ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေစသည်) သို့မဟုတ် အသုဘ (၁၀) မျိုးကို စိစစ်ရှုမှတ်ခြင်းဖြင့် တပ်မက်သော လောဘကို ချုပ်ငြိမ်းစေသည်။

၂။ ဣန္ဒြိယသံဝရသီလကို စောင့်ထိန်းခြင်း

  • ပယ်ဖျောက်ပုံ: စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန ဟူသော ဒွါရ (၆) ပါးမှတစ်ဆင့် သာယာဖွယ် အာရုံများ ဝင်ရောက်လာသောအခါ လောဘ မဖြစ်ပေါ်စေရန် ထိန်းသိမ်းခြင်းဖြစ်သည်။

  • နည်းလမ်း: အာရုံ (၆) ပါးကို မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ သောအခါ “ထိုအာရုံ၏ နိမိတ်၊ အနုဗျဉ်း (ပုံသဏ္ဌာန်၊ လက္ခဏာ) ၌ တပ်မက်စွဲလမ်းမှု မဖြစ်စေဘဲ” သတိဖြင့် ပိတ်ပင်တားဆီးခြင်း ဖြစ်သည်။

၃။ ပစ္စည်းလေးပါး ဆင်ခြင်ခြင်း (ဘောဇနေ မတ္တညုတာ)

  • ပယ်ဖျောက်ပုံ: ပစ္စည်းလေးပါး (သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး) ကို သုံးဆောင်သည့်အခါ တပ်မက်မောမော သုံးဆောင်ခြင်းကို ပယ်ဖျောက်သည်။

  • နည်းလမ်း: ဆွမ်း စသည်ကို ကစားရန်၊ မာန်မူရန်၊ လှပရန် မဟုတ်ဘဲ ဤခန္ဓာကိုယ် တည်တံ့ရုံ၊ အားအင်ရှိရုံ၊ မြတ်သော အကျင့်ကို ကျင့်ကြံနိုင်ရုံမျှသာ သုံးဆောင်သည်ဟု ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်း ဖြစ်သည်။

၄။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို ဝိပဿနာ ရှုမှတ်ခြင်း

  • ပယ်ဖျောက်ပုံ: တဏှာ/လောဘ၏ အမြစ်ဖြစ်သော အဝိဇ္ဇာနှင့် ဝိပလ္လာသ (အမှားယူမှု) ကို ဝိပဿနာဉာဏ်ဖြင့် ဖြိုခွဲခြင်းဖြစ်သည်။

  • နည်းလမ်း: ဖြစ်ပေါ်လာသော ရုပ်-နာမ် သင်္ခါရတရားတို့၏ အနိစ္စ (မမြဲသောသဘော)၊ ဒုက္ခ (ဆင်းရဲသောသဘော)၊ အနတ္တ (အတ္တမဟုတ်သောသဘော) ကို ပညာဖြင့် ထိုးထွင်းသိမြင်အောင် ပွားများခြင်းဖြင့် လောဘကို အမြစ်ပြတ် (သမုစ္ဆေဒပဟာန်) ပယ်ဖျောက်သည်။

ကျမ်းညွှန်း အနှစ်ချုပ်: အဋ္ဌကထာနှင့် ဋီကာတို့တွင် အသုဘဘာဝနာ ပွားများခြင်း နှင့် အာရုံတို့၌ သတိကင်းလွတ်စွာ မကျက်စားဘဲ ဣန္ဒြိယသံဝရကို ဖြည့်ဆည်းခြင်း သည် လောဘကို တိုက်ရိုက် ပယ်ဖျောက်ရန် အဓိက သော့ချက်ဖြစ်ကြောင်း အကျယ်ဖွင့်ဆိုထားပါသည်။

Something wrong?

Guidance on Overcoming Greed

1. Meditation on Impurity (Asubha-bhāvanā)

  • How to Eliminate: Greed (Lobha) or craving (Taṇhā) arises primarily due to the misconception of beauty (Subha-saññā).

  • Method: Contemplating the unlovely nature of the body (the 32 parts such as hair, body hair, nails, teeth, skin, etc.) or the 10 types of impurities (Asubha) extinguishes the greed rooted in attachment.

2. Restraint of the Senses (Indriya-saṃvara-sīla)

  • How to Eliminate: Preventing greed from arising when attractive objects enter through the six sense doors (eye, ear, nose, tongue, body, and mind).

  • Method: Upon seeing, hearing, smelling, tasting, touching, or knowing these six sense objects, one uses mindfulness to block attachment, avoiding entrapment by their general signs (Nimitta) or detailed features (Anubyañjana).

3. Reflection on Requisites (Bhojane Mattaññutā)

  • How to Eliminate: Eradicating greedy attachment when consuming the four requisites (robes, almsfood, lodging, and medicine).

  • Method: Consuming almsfood not for amusement, vanity, or physical beauty, but with wisdom—reflecting that it is solely to sustain the body, maintain strength, and support the practice of the Holy Life.

4. Insight Meditation on the Three Marks (Anicca, Dukkha, Anattā)

  • How to Eliminate: Breaking down ignorance (Avijjā) and cognitive distortions (Vipallāsa)—the root causes of greed—through insight knowledge (Vipassanā-ñāṇa).

  • Method: Cultivating wisdom to penetrate the impermanence (Anicca), suffering (Dukkha), and non-self (Anattā) nature of arising mental and physical phenomena, thereby eradicating greed at its root (Samuccheda-pahāna).

Reference Summary: In the Commentary (Aṭṭhakathā) and Sub-commentary (Ṭīkā), it is elaborated in detail that practicing the meditation on impurity (Asubha-bhāvanā) and maintaining the restraint of the senses (Indriya-saṃvara)—without wandering heedlessly among sense objects—are the key factors to directly overcoming greed.

Something wrong?

断除贪欲的指南

1. 修习不净观(Asubha-bhāvanā)

  • 断除方式: 贪欲(Lobha)与渴爱(Taṇhā)主要源于误将事物视为美妙执着的“净想”(Subha-saññā)。

  • 方法: 通过观察身体的不净本质(三十二身分,如头发、体毛、指甲、牙齿、皮肤等)或十不净,以止息源于执着的贪欲。

2. 守护诸根律仪(Indriya-saṃvara-sīla)

  • 断除方式: 当可意境界通过六根(眼、耳、鼻、舌、身、意)侵入时,防止贪欲的产生。

  • 方法: 当眼见、耳闻、鼻嗅、舌尝、身触、意知六境时,保持正念,不执着于境界的“相”(Nimitta)与“随形好”(Anubyañjana),从而阻断贪爱的生起。

3. 饮食知量与四资具省思(Bhojane Mattaññutā)

  • 断除方式: 在使用四资具(衣、食、住、药)时,断除贪婪与贪著。

  • 方法: 运用智慧省思:受用食物并非为了嬉戏、骄慢或美饰,而仅仅是为了维持身体、保持体力,以资助清净梵行的修习。

4. 观照三相(无常、苦、无我)的毗婆舍那(Vipassanā)

  • 断除方式: 以观智(Vipassanā-ñāṇa)破除作为贪欲根源的无明(Avijjā)与颠倒妄想(Vipallāsa)。

  • 方法: 以智慧彻照所生起的名色法(身心现象)之无常(Anicca)、苦(Dukkha)与无我(Anattā)本质,从而彻底断除(正断/Samuccheda-pahāna)贪欲。

典籍要义总结: 义释(Aṭṭhakathā)与复注(Ṭīkā)中详细阐明:修习不净观(Asubha-bhāvanā)以及保持诸根律仪(Indriya-saṃvara)——不在六尘境界中散乱放逸,是直接断除贪欲的核心关键。

Something wrong?

Sādhu

Did this teaching help you? Tap the icon to say Sādhu.

Send feedback

Tell us what needs correcting. Please leave out personal details. An email address is optional and is used only to reply.

About:

Send by email instead